Movie & Music: ချစ်ကြိုက်ခန်းတွေများတဲ့ Closer သီချင်းဗီဒီယိုသစ် ထပ်မံထွက်ရှိ

ပထမဗီဒီယိုက ချစ်စရာကောင်းပြီး ဒီတစ်ခုကတော့ ချစ်ခန်းတွေများပါတယ်။

play

 

နိုင်ငံတကာမှာ ရေပန်းစားနေပြီး International Music Chart မှာ သီတင်းပတ် ၇ ပတ်ဆက်တိုက် နံပတ်တစ်နေရာကို ရယူထားခဲ့တဲ့ The Chainsmokers ရဲ့ Closer သီချင်းဗီဒီယိုသစ် ထပ်မံထွက်ရှိလာပါတယ်။

play

 

ယခုဗီဒီယိုမှာတော့ အဓိကအဆိုရှင်နှစ်ဦးဖြစ်တဲ့ အန်ဒရူး တတ်ဂတ်နဲ့ ဟယ်လ်ဆေတို့က အဓိကသရုပ်ဆောင်ထားတာပါ။ သီချင်းရဲ့ စာသားတွေအတိုင်းပဲ အချစ်ဟောင်းနဲ့ ပြန်ဆုံဖြစ်တဲ့အကြောင်း ပုံဖော်ထားပါတယ်။

သရုပ်ဆောင်တဲ့ အဆိုရှင်နှစ်ယောက်လုံးကလည်း ခပ်ဟော့ဟော့တွေမို့လို့ သီချင်းဗီဒီယိုမှာ ချစ်ခန်းကြိုက်ခန်းတွေ ပေါပေါများများ တွေ့ရဦးမှာဖြစ်ပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ