Movie & Music: ရဲအဖွဲ့ရဲ့ ဂုဏ်ပြုမှုကို ခံရတဲ့ Disturbed

Disturbed တို့ကို ဦးထုပ်တွေ၊ လက်ဆောင်တွေပေးပြီး The Sound of Silence သီချင်းဟာ သူတို့ရဲဌာနကို သက်ရောက်မှုကြီးမားစွာ ရှိကြောင်း ပြောခဲ့ပါတယ်။

play

 

Disturbed အဖွဲ့ ပြန်သီဆိုထားတဲ့ The Sound of Silence သီချင်းဟာ ရဲအရာရှိတွေကို ဂုဏ်ပြုတဲ့ ဗီဒီယိုတွေမှာ အသုံးပြုနေကြပါတယ်။ မကြာသေးခင်က ဒဲလက်စ်မြို့မှာ စနိုက်ပါသမားတွေရဲ့ လက်ချက်နဲ့ ရဲအရာရှိတွေသေဆုံးခဲ့ပြီး ရဲအဖွဲ့ကို ထောက်ခံတဲ့ ဗီဒီယိုတွေဖန်တီးရာမှာ နောက်ခံအနေနဲ့ Disturbed အဖွဲ့ပြန်လည် သီဆိုထားတဲ့ The Sound of Silence သီချင်းကို သုံးစွဲနေကြတာ ဖြစ်ပါတယ်။

play

 

 ဒီ့အတွက် တက္ကဆပ်ပြည်နယ်က ရဲဌာနတစ်ခုကတော့ ရော့ခ်ကာကြီးတွေကို ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုခဲ့ပါတယ်။ Mansfield မြို့ ရဲဌာနက ရဲအရာရှိနှစ်ဦးဟာ Disturbed တို့ရဲ့ ဖျော်ဖြေပွဲမစမီ လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

play

 

Disturbed တို့ကို ဦးထုပ်တွေ၊ လက်ဆောင်တွေပေးပြီး The Sound of Silence သီချင်းဟာ သူတို့ရဲဌာနကို သက်ရောက်မှုကြီးမားစွာ ရှိကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ Disturbed တို့ရဲ့အဆိုသမား ဒေးဗစ်ဒရိန်းမန်းကလည်း ဦးရဲကြီးတို့ကို ဒီလိုပြန်ပြောခဲ့ပါတယ်။
" ဒီနိုင်ငံမှာ ဖြစ်နေတာတွေက ငိုစရာကောင်းလောက်တဲ့ ရှက်စရာတွေဖြစ်ပါတယ်။ ခင်ဗျားတို့ကမှ ကျွန်တော်တို့အတွက် အရာရာအားလုံးကို ပေးဆပ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ ဒါလေးလုပ်တယ်ဆိုတာက မဖြစ်စလောက်ပါ"

 

Photos & Source: Loudwire

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ