Movie & Music: DJ Snake နဲ့ ဂျက်စတင်ဘီဘာတို့ရဲ့ Let Me Love You သီချင်းဗီဒီယို ထွက်ရှိ

တစ်ရက်အတွင်း ကြည့်ရှုသူ ၂ သန်းကျော်သွားခဲ့ပါတယ်။

ဂျက်စတင်ဘီဘာရဲ့ Let Me Love You သီချင်းဗီဒီယို

DJ Snake နဲ့ ဂျက်စတင်ဘီဘာတို့ ပူးပေါင်းဖန်တီးထားတဲ့ Let Me Love You သီချင်းဟာ စတင်ထုတ်လွှင့်ခဲ့တဲ့  နွေရာသီကတည်းက လူကြိုက်အများဆုံးစာရင်းမှာ နံပါတ် ၄ ချိတ်ခဲ့ဖူးပါတယ်။ အခု အဲဒီသီချင်းရဲ့ ဗီဒီယို ထွက်ရှိလာခဲ့ပါပြီ။

play

ဗီဒီယိုကို ကြည့်ရှုလိုက်ချိန်မှာတော့ အကြာကြီးစောင့်ခဲ့ရတာ ထိုက်တန်တယ်လို့ ပြောရပါမယ်။ ဆက်စီကျလှတဲ့ လူဆိုးစုံတွဲနှစ်ယောက်တင် ကြည့်ကောင်းတာမဟုတ်ပါဘူး။

DJ Snake နဲ့ ဂျေဘီတို့ရဲ့ မျက်နှာဖုံးတွေကိုလည်း ကြည့်လိုက်ပါဦး။ ဒီလို VR ဂိမ်းမျိုးကို လူတိုင်းကစားချင်မှာ သေချာပါတယ်။

Source & Photos : Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ