Movie & Music: ဟယ်ရီစတိုင် ပါဝင်တဲ့ Dunkirk ဇာတ်ကား နမူနာထွက်ရှိ

ဒုတိယကမ္ဘာစစ်အတွင်းက စစ်ပွဲအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

play

 

Dunkirk ဇာတ်ကားဟာ One Direction အဆိုတော် ဟယ်ရီစတိုင် ပထမဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် စရိုက်ကတည်းက နာမည်ကြီးနေပြီးသား ဖြစ်ပါတယ်။

သြဂုတ်လ ၅ ရက်မှာတော့ Dunkrik ရဲ့ပထမဆုံး နမူနာထွက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီနမူနာမှာ တစ်ခုလိုနေပါတယ်။ အဲဒီတစ်ခုကတော့ ဟယ်ရီစတိုင်ပါပဲ။

play

 

ဟယ်ရီစတိုင်ဇာတ်ကားရိုက်ပြီဆိုကတည်းက ဟယ်ရီစတိုင် သရုပ်ဆောင်ပုံကို မြင်တွေ့ချင်တဲ့ သူ့ပရိသတ်တွေအတွက် မချင့်မရဲဖြစ်စရာပါ။

တစ်မိနစ်စာသာရှိတဲ့ နမူနာကို အကြိမ်ကြိမ်အခါခါ ပြန်ကြည့်ပေမဲ့ ဟယ်ရီစတိုင်ရဲ့ အရိပ်အယောင်ကိုတောင် မမြင်တွေ့ရပါဘူး။ ဒါပေမဲ့လည်း ဒီနမူနာအပိုင်းတိုလေးမှာ ဘယ်သူမှ ထင်ထင်ရှားရှားတော့ မပါပါဘူး။

play

 

သရုပ်ဆောင်တွေရဲ့ ဟန်ပန်နဲ့ သရုပ်ဆောင်ပုံကို ထည့်သွင်းပြသခြင်း မရှိသေးတဲ့ Dunkirk ရဲ့ ပထမဆုံးနမူနာဟာ သူ့နည်းသူ့ဟန်နဲ့တော့ ဆွဲဆောင်မှုရှိနေတဲ့အတွက် ကြည့်သင့်တဲ့ နမူနာလေးတစ်ခုလို့တော့ အကြံပြုလိုက်ပါတယ်။

Source & Photos : eonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ