Movie & Music: ရှိုးပွဲတွေ ပြန်စမယ်လို့ Evanescence ကြေညာ

လက်မှတ်တွေကိုလည်း ရောင်းနေပါပြီ။

play

 

၂၀၀၃ ခုနှစ်နောက်ပိုင်း ရှိုးပွဲတွေနည်းသွားခဲ့တဲ့ Evanescence အဖွဲ့ဟာ ဖျော်ဖြေပွဲတွေ ပြန်စတော့မယ့်အကြောင်း လူမှုကွန်ရက်တွေပေါ်မှာ ကြေညာလိုက်ပါတယ်။ လာမယ့်ဆောင်းတွင်းမှာ အမေရိကန်ပြည်ထောင်စုအတွင်း လှည့်လည်ဖျော်ဖြေသွားမယ်လို့ ဆိုပါတယ်။

play

 

ဖျော်ဖြေပွဲတွေကို အောက်တိုဘာ ၂၈ ရက်မှာ စတင်မှာဖြစ်ကာ လက်မှတ်တွေကိုလည်း သြဂုတ် ၂၆ ရက်မှာ စတင်ရောင်းချခဲ့ပါတယ်။ ပွဲတိုင်းမှာ VIP package တွေလည်း စီစဉ်ထားတယ်လို့ Evanescence အဖွဲ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

play

အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ နယ်လှည့်ဖျော်ဖြေပွဲ ၁၅ ခု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပထမဆုံးပွဲကိုတော့ ဒါးလက်စ်မြို့မှာ စတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။

Source : Rolling Stone

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ