Movie & Music: EXO အဖွဲ့ မီနီအယ်လ်ဘမ်သစ် ထွက်ရှိ

"လက်ဆောင်တွေတစ်ပုံကြီးရှိနေတဲ့ ခရစ္စမတ်ပင်လို ယောက်ျားမျိုးအဖြစ် ရှိပေးပါ့မယ်တဲ့"

 

ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲကေပေါ့ပ်အဖွဲ့ EXO က ဒီဇင်ဘာ ၁၈ ရက်မှာ မီနီအယ်လ်ဘမ်သစ်တစ်ခု ထွက်ရှိလာပါတယ်။ For Life လို့ အမည်ပေးထားတဲ့ ဒီအယ်လ်ဘမ်ထဲမှာ သီချင်းငါးပုဒ် ပါဝင်ပါတယ်။ အယ်လ်ဘမ်ခေါင်းစဉ်သီချင်းရဲ့ ဗီဒီယိုကိုလည်း YouTube မှာ ကြည့်လို့ရပါပြီ။

play

 

EXO အဖွဲ့ဟာ ၂၀၁၃ ခုနှစ်ကစပြီး နှစ်ကုန်ခါနီးတိုင်းမှာ မီနီအယ်လ်ဘမ်တွေ စတင်ဖြန့်ချိနေခဲ့တာလည်းဖြစ်ပါတယ်။ For Life သီချင်းကတော့ ခရစ္စမတ်ကာလမှာ လွမ်းရဆွေးရပုံတွေကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး ဆွတ်ပျံ့ဖွယ် ဇာတ်လမ်းတစ်ပုဒ်ပုံစံနဲ့ သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ