Movie & Music: ကမီလာကတ်ဘလို Fifth Harmony အဖွဲ့မှ နုတ်ထွက်

play
ကမ်မီလာ (ညာအစွန်ဆုံး)

 

အမေရိကန် The X Factor သီချင်းဆိုပြိုင်ပွဲကနေ ထွက်ပေါ်လာခဲ့တဲ့ အမျိုးသမီးအဆိုတော်အဖွဲ့ Fifth Harmony ရဲ့ အဖွဲ့ဝင် ကမ်မီလာ ကတ်ဘယ်လိုဟာ အဖွဲ့ကနေ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း Fifth Harmony အဖွဲ့က တရားဝင်ကြေညာလိုက်ပါပြီ။ အဖွဲ့ရဲ့ လူမှုကွန်ရက်အကောင့်တွေမှာ ကမ်မီလာထွက်သွားကြောင်း ကြေညာထားတာ တွေ့ရပါတယ်။

 

လေးနှစ်ခွဲကြာ အတူရှိခဲ့ပြီးနောက်မှာ ကမ်မီလာဟာ Fifty Harmony ကို နုတ်ထွက်ဖို့ဆုံးဖြတ်လိုက်ကြောင်းနဲ့ သူမအတွက် ဆုမွန်ကောင်း တောင်းပေးလိုက်ပါကြောင်း ကျန်အဖွဲ့ဝင်လေးဦးက ရေးသားထားပါတယ်။ ကမ်မီလာမရှိတော့ပေမဲ့လည်း လေးဦးတည်းနဲ့ အဖွဲ့ကို ရှေ့ဆက်သွားမယ်လို့လည်း ဆိုပါတယ်။ ယခုနှစ် ဇူလိုင်လမှာ ထွက်ရှိခဲ့တဲ့ Work from Home သီချင်းဟာ ၂၀၁၆ ခုနှစ်အတွင်း လူကြိုက်များ ရေပန်းစားဆုံးသီချင်းတစ်ပုဒ် ဖြစ်ခဲ့ပြီး ဆုတွေအလီလီ ဆွတ်ခူးခဲ့ပါတယ်။

play

 

ကမ်မီလာတစ်ဦးတည်း လှုပ်ရှားမှုအနေနဲ့ကတော့ ဒီဇင်ဘာလဆန်းမှာ Machine Gun Kelly နဲ့အတူ Bad Things အမည်ရှိ သီချင်းတစ်ပုဒ် ထွက်ရှိခဲ့သလို ယင်းသီချင်းကလည်း လက်ရှိမှာ လူကြိုက်များနေပါတယ်။

Source : Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ