Movie & Music: Fifth Harmony အဖွဲ့ရဲ့ သီချင်းဗီဒီယိုသစ် That's My Girl

အလံတွေနဲ့ အောင်ပွဲခံနေကြပုံတွေလည်း ပါဝင်ပါတယ်။

play

 

သွက်လက်တဲ့ကဟန်တွေနဲ့ သီချင်းမြူးမြူးတွေကို သီဆိုလေ့ရှိတဲ့ Fifth Harmony အဖွဲ့က That's My Girl သီချင်းရဲ့ဗီဒီယိုကို ဖြန့်ချိလိုက်ပါတယ်။

play

 

သီချင်းထဲမှာတော့ အဖြူရောင်အဝတ်စတွေကို ရစ်ပတ်ထားကြပြီး သူရဲကောင်းမလေးတွေအသွင်နဲ့ သရုပ်ဆောင်ထားကြပါတယ်။ တိုက်ပွဲတွေ ခိုက်ရန်ဖြစ်ပွားနေတာတွေကို ကောင်မလေးငါးယောက်က ဝင်ရောက်ဖြေရှင်းပေးလိုက်ကြကာ အလံတွေနဲ့ အောင်ပွဲခံနေကြပုံတွေလည်း ပါဝင်ပါတယ်။

play

 

That's My Girl သီချင်းဟာ Fifth Harmony ရဲ့ နောက်ဆုံးထွက်အယ်လ်ဘမ် 7/27 ထဲက သီချင်းလည်း ဖြစ်ပါတယ်။ ဒီသီချင်းကို အမေရိကန် ကျွမ်းဘားအဖွဲ့က ပြိုင်ပွဲဝင်သီချင်းအဖြစ်နဲ့လည်း အသုံးပြုခဲ့ဖူးပါတယ်။

Source : Rolling Stone

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ