Movie & Music: Fifty Shades Darker ပထမဆုံး နမူနာဗီဒီယိုထွက်ရှိ

ပထမကားထက် ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ ပြကွက်တွေကို တွေ့ရပါတယ်။

play

 

မနှစ်က ထွက်ရှိခဲ့တဲ့ Fifty Shades of Grey ဇာတ်ကားရဲ့ နောက်ဆက်တွဲဇာတ်ကား Fifty Shades Darker နမူနာဗီဒီယိုကို စက်တင်ဘာ ၁၃ ရက်မှာ Universal ထုတ်လုပ်ရေးက စတင်ဖြန့်ချိလိုက်ပါတယ်။ Fifty Shades Darker ရဲ့ ပထမဆုံး နမူနာဗီဒီယိုလည်း ဖြစ်ပါတယ်။

play

 

အချိန်အားဖြင့် ၂ မိနစ်ခန့်သာ ကြာမြင့်ပြီး ပထမကားထက် ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ ပြကွက်တွေကို တွေ့ရပါတယ်။

ပထမကားမှာ တစ်ယောက်နဲ့တစ်ယောက် ဝေးသွားပုံမျိုးနဲ့ အဆုံးသတ်ပေမဲ့ ယခုအခါမှာတော့ ဂရေးက အန်နာစတေးရှားကို ပြန်ချဉ်းကပ်ရာကနေ အဆင်ပြေသွားကြပါတယ်။ ဒါပေမဲ့ အန်နာစတေးရှားက အခြားကောင်မလေးတစ်ယောက်ကို အမြင်မှားသလို၊ အိပ်မက်သလို မြင်ယောင်နေတဲ့အပြင် နောက်ထပ် အမျိုးသားတစ်ဦးကလည်း သူမကို ဖြားယောင်းတာကို မြင်ရမှာပါ။

play

 

မစ္စတာဂရေးရဲ့ထုံစံအတိုင်း တန်ဖိုးကြီးအသုံးအဆောင်တွေ၊ ဇိမ်ခံရွက်လှေတွေနဲ့ ပြင်းပြတဲ့ချစ်ဇောတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတဲ့ Fifty Shades Darker ကို လာမယ့် ချစ်သူများနေ့မှာ စတင်ပြသမှာဖြစ်ပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ