Movie & Music: ရင်ဖိုဖွယ်ဇာတ်ဝင်ခန်းတွေနဲ့ Fifty Shades Darker နမူနာသစ်

ပထမဇာတ်ကား Fifty Shades of Grey လိုပါပဲ။

Fifty Shades Darker ဇာတ်ကားနမူနာသစ်
play

 

ဂျေမီဒေါ်နန်နဲ့ ဒက်ကိုတာဂျွန်ဆင်တို့ ရိုက်ကူးလိုက်တဲ့ Fifty Shades Darker ဇာတ်ကားဟာ ပထမဇာတ်ကား Fifty Shades of Grey လိုပဲ အညှီအဟောက်တွေ ပြည့်နေတာပါပဲ။

ကာမစိတ်ပြင်းထန်လှတဲ့ ဘီလျံနာအဖြစ် သရုပ်ဆောင်ထားတဲ့ အသက် ၃၄ နှစ်အရွယ် ဂျေမီဟာ သူသဘောကျနေတဲ့ မိန်းကလေး အန်နက်စတေးရှားအဖြစ် သရုပ်ဆောင်တဲ့ အသက် ၂၆ နှစ်အရွယ် ဒက်ကိုတာဂျွန်ဆင်တို့ဟာ Fifty Shades of Grey ဇာတ်ကားအဆုံးမှာ သူတို့ရဲ့ပတ်သက်မှုကို ရပ်တန့်ခဲ့ကြပါတယ်။

play

 

ဒုတိယဇာတ်ကားမှာတော့ တစ်ယောက်နဲ့ တစ်ယောက် မမေ့နိုင်ဖြစ်နိုင်တဲ့ သူတို့နှစ်ဦး ပြန်လည်တွေ့ဆုံ ချစ်ကြိုက်ကြတာ ဖြစ်ပါတယ်။

Fifty Shades of Grey မှာ ခရစ္စတင်းဂရေးက စည်းမျဉ်းတွေ၊ ပြစ်ဒဏ်တွေနဲ့ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကို တည်ဆောက်ခဲ့တဲ့အတွက် ကွဲကွာခဲ့ရတာ ဖြစ်ပြီး ဒီဇာတ်ကားမှာတော့ အဲဒါတွေအားလုံးကို စွန့်လွှတ်လိုက်ပုံပါပဲ။

play

 

ခရစ္စတင်းက အန်နက်စတေးရှားရဲ့ အဝတ်အစားတွေကို ချွတ်ပေးနေစဉ်မှာ "'ဒီတစ်ခါ စည်းမျဉ်းတွေမရှိ၊ ပြစ်ဒဏ်တွေမရှိ၊ လျှို့ဝှက်ချက်တွေ မရှိရဘူး" လို့ အန်နက်စတေးရှားက ပြောလိုက်တာကို နမူနာထဲမှာ မြင်တွေ့ရပါတယ်။

play

 

၂၀၁၅ ခုနှစ်မှာ Fifty Shades of Grey ဟာ တစ်ကမ္ဘာလုံးဝင်ငွေ ဒေါ်လာ သန်း ၅၅၀ နဲ့ အောင်မြင်မှုရရှိခဲ့ပြီးနောက် နောက်ဆက်တွဲဇာတ်လမ်းတွဲ Fifty Shades Darker ကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

play

 

Fifty Shades Darker ကို လာမယ့်နှစ် ချစ်သူများနေ့ (၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်) မှာ စတင် ရုံတင်မှာဖြစ်ပါတယ်။

Source & Photos : the Sun

Fifty Shades Darker ကို ကြည့်ချင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ