Movie & Music: ကမ္ဘာတစ်ဝန်းဝင်ငွေ ဒေါ်လာသန်း ၉၀၀ ကျော်လွန်သွားတဲ့ Finding Dory

ထုတ်လုပ်မှုကုန်ကျစရိတ်ထက် အများကြီး မြတ်စွန်းခဲ့ပါတယ်။

play

 

Finding Dory ကာတွန်းဇာတ်ကားရဲ့ ကမ္ဘာတစ်ဝန်း ရုံတင်ပြသငွေဟာ ဒေါ်လာသန်း ၉၀၀ ကျော်လွန်လာပါပြီ။ ယခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားစာရင်းမှာတော့ နံပါတ်လေးနေရာကို ရောက်လာပါတယ်။ အီတလီနဲ့ ဂျာမနီမှာလည်း ဆက်လက်ပြသဦးမှာဖြစ်တာကြောင့် ဝင်ငွေဒီ့ထက်များလာဖို့လည်း ရှိနေပါသေးတယ်။

play

 

ဒီဇာတ်ကားဟာ ၂၀၀၄ ခုနှစ်မှာ ပြသခဲ့တဲ့ Finding Nemo ရဲ့ အဆက်ဖြစ်ပြီး ဒီတစ်ခါမှာတော့ ဒိုရီဆိုတဲ့ ငါးမလေးရဲ့စွန့်စားခန်းတွေကို ရိုက်ကူးထားတာပါ။ ထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ သာ ကုန်ခဲ့တဲ့ Finding Dory ကို ဇွန်လ ၁၇ ရက်ကမှ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။

Source : Deadline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ