play

 

တေလာဆွစ်နဲ့ ဇေးမောလစ်ခ်တို့ရဲ့ သီချင်းသစ်က ဒီဇင်ဘာလ ၈ ရက်နေ့ညမှာ ရုတ်တရက်ကြီး ထွက်ပေါ်လာတဲ့အတွက် ပရိသတ်က အံ့သြနှစ်ခြိုက်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ  Fifty Shades Darker ဇာတ်ကားအတွက် I Don't Wanna Live Forever သီချင်းကို အတူပူးပေါင်းဖန်တီးထားကြပါတယ်။

play

 

ဖေဖော်ဝါရီလမှာ ထွက်မယ့် ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်ခန်းလေးတွေနဲ့အတူ စက္ကန့် ၃၀ စာ သီချင်းလေးကို ဖန်တီးထားတာ ဖြစ်ပါတယ်။

င်္Fifty Shades Darker ဟာ နာမည်ကျော် အညှီအဟောက်ရုပ်ရှင် Fifty Shades of Grey ရဲ့နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပြီး လူအများ စောင့်မျှော်နေကြတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် တေလာဆွစ်နဲ့ ဇေးမောလစ်ခ်တို့ရဲ့ အတူတကွသီဆိုထားမှုကြောင့် ဒီသီချင်းဟာ လူတိုင်းရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တာဖြစ်ပါတယ်။

သီချင်းတစ်ပုဒ်လုံးကို နားဆင်ချင်ရင်တော့ iTunes မှာ ဝယ်လို့ရပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video