Movie & Music: အောက်တိုဘာမှာ(၂၈)ရက်မှာ ရုံတင်မယ့် "From Bangkok To Mandalay"

, updated

ထိုင်းနိုင်ငံမှလည်း ပြသမှာ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်တို့ ပူးပေါင်းကာ ပုံဖော်ရိုက်ကူးးထားတဲ့ From Bangkok To Mandalay  ရုပ်ရှင်ဇာတ်ကား ကို မြန်မာနိုင်ငံတွင် အောက်တိုဘာ(၂၈)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

အဲဒီဇာတ်ကားကို မြန်မာနိုင်ငံတွင်သာ ရုံတင်ပြသမှာ မဟုတ်ဘဲ ထိုင်းနိုင်ငံတွင် ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ ထိုင်းလူမျိုး ဖြစ်တဲ့ Chartchai Ketnust ကရိုက်ကူးထားပြီး နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည် နဲ့ ထိုင်းမင်းသမီး Pilaiporn Supinchompoo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ