AD
AD
AD
play

 

အမေရိကန် ရုပ်သံအနုပညာနဲ့သိပ္ပံ အကယ်ဒမီက နှစ်စဉ်ချီးမြှင့်ပေးအပ်တဲ့ Emmy ဆုပေးပွဲသမိုင်းမှာ Game of Thrones ဇာတ်လမ်းတွဲက ဆုပေါင်းများစွာနဲ့ စံချိန်တင်သွားပါတယ်။

၆၈ ကြိမ်မြောက် အမ်မီဆုပေးပွဲကို စက်တင်ဘာ ၁၈ ရက်ညက ကျင်းပခဲ့တာဖြစ်ပါတယ်။  Game of Thrones က ဆုပေါင်း ၂၃ နေရာအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ၁၂ ဆု ဆွတ်ခူးသွားခဲ့တာပါ။

play

 

အမ်မီဆုပေးပွဲရဲ့ အကြီးကျယ်ဆုံးဆုတွေဖြစ်တဲ့ အကောင်းဆုံးဒရာမာစီးရီးဇာတ်ညွှန်းဆု၊ ဒရာမာစီးရီး ဒါရိုက်တာဆု၊ အကောင်းဆုံး ဒရာမာဆုတွေလည်း ပါဝင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ Season 6 အထိ ထုတ်လွှင့်ပြခဲ့ပြီးပါပြီ။ Season 7 ကိုတော့ ရှေ့နှစ်လယ်ပိုင်းမှာ စတင်ပြသမှာဖြစ်ကာ Season 8 မှာ အဆုံးသတ်မယ်လို့ HBO က အတည်ပြုထားပါတယ်။

Source : EW

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD