Movie & Music: Game of Thrones ဇာတ်လမ်းတွဲ Season 8 တွင် အဆုံးသတ်မည်ဟု အတည်ပြု

အပိုင်း ၈ ပိုင်းသာ ပါလာတော့မှာဖြစ်ပါတယ်။

play

 

ကမ္ဘာတစ်ဝန်း ပရိသတ်အများပြားက စောင့်မျှော်ကြည့်ရှုနေကြတဲ့ Game of Thrones ဒရာမာဇာတ်လမ်းတွဲကို Season 8 အပြီးမှာ အဆုံးသတ်မယ့်အကြောင်း HBO ရုပ်သံက အတည်ပြုလိုက်ပါတယ်။

ဇူလိုင် ၃၀ ရက်နေ့မှာ ပြုလုပ်တဲ့ ရုပ်သံဝေဖန်ရေးအဖွဲ့ရဲ့ နွေရာသီသတင်းစာရှင်းလင်းပွဲမှာ HBO ဥက္ကဋ္ဌက ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ Game of Thrones ဇာတ်လမ်းတွဲဟာ Season 6 အထိ ထုတ်လွှင့်ပြီးခဲ့ပါပြီ။ ၂၀၁၇ ခုနှစ် နွေရာသီမှာ ပြသမယ့် Season 7 အတွက်လည်း ရိုက်ကူးရေးတွေ စတင်နေပြီဖြစ်ကာ ယင်းအတွဲမှာတော့ အပိုင်း ၇ ပိုင်းသာ ပါရှိမှာပါ။

play

 

ဇာတ်လမ်းတွဲ အစမှအဆုံးထိ အပိုင်း ၇၅ ပိုင်းသာ ရိုက်ကူးသွားမှာဖြစ်တာကြောင့် Season 8 မှာလည်း အပိုင်း ၈ ပိုင်းသာ ပါလာတော့မှာဖြစ်ပါတယ်။ Season 1 မှ Season 6 အထိကိုတော့ အပိုင်း ၁၀ ပိုင်းစီ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။

Source : Just Jared

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ