Movie & Music: Girls' Generation အဖွဲ့ရဲ့ ကိုးနှစ်ပြည့် အမှတ်တရသီချင်းသစ်

အမှတ်တရ သီချင်းသစ်လေးက သံစဉ်ရောစာသားပါ ကောင်းမွန်တာကြောင့် နှလုံးသားကိုနွေးထွေးသွားသလို ခံစားမိပါလိမ့်မယ်။

play

 

ကေပေါ့ပ်အဖွဲ့တွေထဲက သက်တမ်းအရှည်ဆုံးနဲ့ လူကြိုက်အများဆုံး အဖွဲ့တစ်ဖွဲ့ကတော့ သြဂုတ် ၅ ရက်မှာ သက်တမ်း ၉ နှစ် ပြည့်သွားခဲ့ပါပြီ။

play
သြဂုတ် ၄ ရက်နေ့မှာ အဖွဲ့ဝင်တွေက ၉ နှစ်ပြည့် အမှတ်တရစကားကိုလည်း အသီးသီးပြောကြားခဲ့ကြပါသေးတယ်။

 

SNSD လို့လည်း အမည်တွင်တဲ့ Girls' Generation အဖွဲ့ကို SM Entertainment က ကောင်မလေး ၉ ယောက်နဲ့ ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ အဖွဲ့ဝင် ဂျက်စီကာထွက်ခွာသွားပေမယ့် ကျန် ၈ ဦးက ဆက်လက်လျှောက်လှမ်းခဲ့တဲ့ Girls' Generation ရဲ့ခရီးလမ်းဟာ ၉ နှစ်တိုင် ရောက်ရှိလာပြီလည်း ဖြစ်ပါတယ်။

play

 

၂၀၀၇ ခုနှစ် သြဂုတ် ၈ ရက်နေ့မှာ စတင်ပွဲထွက်ခဲ့တဲ့ Girls' Generation အဖွဲ့ဝင်တွေက ၉ နှစ်ပြည့်အမှတ်တရအဖြစ် သီချင်းသစ်တစ်ပုဒ်လည်း ထွက်ရှိလာပါတယ်။ That Summer (0805) လို့ အမည်ပေးထားတဲ့ ချစ်စရာ ပေါ့ပ်သီချင်းချိုချိုလေးတစ်ပုဒ်ကို SM Town ရဲ့ YouTube မှာ တင်ပေးထားပါတယ်။

Source : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ