Movie & Music: ရှိုးပွဲဝင်ငွေအများဆုံး အမျိုးသမီးအဖွဲ့စာရင်းမှာ Girls' Generation က အဆင့်ငါးခုချိတ်

အမြတ်အများဆုံးရတဲ့ ရှိုးပွဲ ၁၀ ခု စာရင်းမှာ Girls' Generation အဖွဲ့ရဲ့ဖျော်ဖြေရေးခရီးစဉ် ၅ ခု ပါဝင်နေပါတယ်။

play

 

အမေရိကန် ဖျော်ဖြေရေးနဲ့မီဒီယာလုပ်ငန်းဖြစ်တဲ့ celebmix ဟာ ဖျော်ဖြေရေးခရီးစဉ်တွေမှာ အမြတ်အများဆုံးရရှိတဲ့ ထိပ်တန်း အမျိုးသမီးအဆိုတော်အဖွဲ့ ၁၀ ခုကို မကြာခင်က ထုတ်ပြန်လိုက်ပါတယ်။

play

 

“The 10 Highest Grossing Girl Group Concert Tours Of All Time” အမည်ရှိ စာရင်းမှာတော့ တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ Girls' Generation က နေရာငါးခုမှာ ရပ်တည်နေတာကို တွေ့ရှိရပါတယ်။ အဆင့် ၄၊ အဆင့် ၆၊ အဆင့် ၇၊ အဆင့် ၈ နဲ့ အဆင့် ၉ နေရာတွေမှာ ရပ်တည်နေတာပါ။ အဆင့် ၄ နေရာမှာ ရပ်တည်ခဲ့တဲ့ ရှိုးပွဲကတော့၂၀၁၃ - ၂၀၁၄ ခုနှစ် အတွင်း ပြုလုပ်ခဲ့တဲ့ Girls and Peace World Tour ဖြစ်ပြီး စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၃၁.၆ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

play

အမြတ်ငွေအများဆုံးရရှိတဲ့ အမျိုးသမီးအဖွဲ့ ရှိုးပွဲ (၁၀) ခု

1 - TLC

2 - Destiny's Child

3 - Spice Girls

4 - SNSD: GG JP Love & Peace- 31.6M

5 - Little Mix

6 - SNSD: GG Phantasia Tour- 23.3M

7 - SNSD: GG Girl&Peace JP- 21.5M

8 - SNSD: GG 1st JP Tour- 14.98M

9 - SNSD: GG Girls&Peace World Tour- 14.97M

10 - Pussycat Dolls

Source : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ