တေလာရဲ့ပရိသတ်တွေအသည်းကြွေသွားလောက်မယ့် သီချင်း Audio နောက်တစ်ပုဒ်ထွက်ရှိလာပြန်ပါပြီ။ သီချင်းနာမည်က Gorgeous ပါ။

play

 

သီချင်းစစချင်း ကလေးလေးတစ်ယောက်က Gorgeous ဆိုပြီး ချစ်စရာကောင်းအောင်အော်လိုက်ပါတယ်။ သီချင်းလေးကတော့ အရမ်းချောပြီး သူအရမ်းသဘောကျတဲ့ကောင်လေးကို သူဘယ်လောက်သဘောကျပြီးကြိုက်နေမိလည်းဆိုတာကို ဖွဲ့နွဲ့ပြီးဆိုထားတဲ့သဘောလေးပါ။

Chorus အပိုဒ်လေးတွေမှာ 'You're so gorgeous, I can't say anything to your face' ဆိုတဲ့စာသားမျိုးလေးတွေ၊ 'If you've got a girlfriend, I'm jealous of her' ဆိုပြီး မနာလိုဖြစ်သလိုလို ဆိုထားတာလေးတွေက သီချင်းလေးရဲ့ဆွဲဆောင်မှုလို့ဆိုရမှာပါ။

 

သူမရဲ့အယ်လ်ဘမ်သစ် Reputation ထဲက ထွက်ရှိထားတဲ့ တစ်ခုတည်းသော သီချင်းဗီဒီယိုဖြစ်တဲ့ Look What You Made Me Do သီချင်းဗီဒီယိုဟာ အားလုံးကို အံ့သြသင့်စေခဲ့တာပါ။

သူမရဲ့သီချင်းနဲ့ တင်ဆက်ပုံက ပရိသတ်တွေ မျှော်လင့်ထားတာထက်ကို ပိုကောင်းနေခဲ့ပြီး စံချိန်တော်တော်များများကိုလည်း ချိုးလိုက်နိုင်ခဲ့ပါတယ်။

ဒါကြောင့် သူမရဲ့ အယ်လ်ဘမ်သစ်ဟာ ဘယ်လောက်အထိ ထူးခြားမလဲ၊ ဘာတွေနဲ့ ဖမ်းစားဦးမလဲဆိုတာ ပရိသတ်တွေက ရင်ခုန်စွာနဲ့ စောင့်ဆိုင်းရင်း အယ်လ်မ်ဘမ်ထွက်ရှိမယ့် နိုဝင်ဘာလ ၁၀ ရက်နေ့ကို စောင့်မျှော်နေကြပါပြီ။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video