Movie & Music: သီချင်းသစ်နဲ့ ပြန်လာမယ့် Green Day

သီချင်းနာမည်က "Bang Bang" ဆိုတာကလွဲပြီး သိပ်များများစားစားတော့ ပေးမသိထားသေးပါဘူး။

play

 

Green Day ပရိသတ်တွေအတွက်တော့ ပျော်စရာ သတင်းပါပဲ။ဒီလထဲမှာ သီချင်းသစ်တစ်ပုဒ်ကို နားဆင်ရမယ်လို့ Green Day ရဲ့ ဘေလီအမ်စထရောင်းက သူ့ရဲ့ Instagram အကောင့်ကနေ ကြေငြာခဲ့ပါတယ်။

play

 

သီချင်းနာမည်က "Bang Bang" ဆိုတာကလွဲပြီး သိပ်များများစားစားတော့ ပေးမသိထားသေးပါဘူး။ သြဂုတ် ၁၁ ရက်မှာ သီချင်းက ထွက်လာမှာဖြစ်ပြီး အနားနီးမှ အသေးစိတ် ထပ်ပြောဦးမယ်လို့ ဆိုပါတယ်။

play

 

၂၀၁၂ တုန်းက သူတို့ရဲ့ အယ်ဘမ်သုံးချပ် ရှေ့ဆင့်နောက်ဆင့်ထွက်ပြီး Green Day တို့ ပျောက်နေတာ အတော်ကြာပါပြီ။ မိုက်ဒါ့ရဲ့ ဇနီး ကျန်းမာရေးမကောင်းတာ၊ ဂစ်တာသမား ဂျေဆန်ဝှိုက် အာခေါင်ကင်ဆာ ဖြစ်နေတာတွေနဲ့ အကြောင်းကြောင်းတွေကြောင့်ပါ။ အခုလို သီချင်းသစ်တစ်ပုဒ်ထွက်လာတော့မှာဆိုတော့ အယ်ဘမ်သစ်တစ်ချပ်နားထောင်ဖို့ကလည်း မဝေးတော့ဘူးဆိုတဲ့ လက္ခဏာပါပဲ။

Photos & Source: Loudwire

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ