Movie & Music: Green Day ရဲ့ သီချင်းသစ်ကို နားထောင်ပြီးပြီလား

, updated

ပျောက်ဆုံးသွားတဲ့ စိတ်ဝိညာဉ်တွေ အတူတကွဖြစ်သွားဖို့၊ အတူတကွသီဆိုဖို့ လှုပ်ရှားမှုတစ်ခုဖြစ်တယ်။

play

 

သီချင်းသစ်တစ်ပုဒ်ကို ပေးနားထောင်မယ်လို့ ပြောထားတဲ့ Green Day တို့ဟာ သူတို့ရဲ့ကတိအတိုင်း သီချင်းသစ်ကို ဖြန့်ဝေပေးခဲ့ပါတယ်။ သီချင်းနာမည်က Bang Bang လို့အမည်ပေးထားပြီး အဆိုသမား ဘီလီအမ်စထရောင်းပြောတာကတော့ "ဒီသီချင်းက ဆိုရှယ်မီဒီယာစွဲလမ်းမှုတွေနဲ့ အမေရိကားမှာဖြစ်ပွားနေတဲ့ အစုလိုက်အပြုံလိုက်ပစ်သတ်တဲ့ ယဉ်ကျေးမှုကြီးအကြောင်းပဲ" ဖြစ်ပါတယ်တဲ့။

play

 

 Green Day တို့ဟာ ခွေသစ်ထွက်မယ့် ရက်ကိုလည်း ကြေညာထားပါတယ်။ ခွေဟာ အောက်တိုဘာ ၇ ရက်နေ့မှာ ဆိုင်တွေနဲ့ အွန်လိုင်းပေါ်ကို ရောက်ရှိလာမှာဖြစ်ပြီး နာမည်ကိုတော့ Revolution Radio လို့ ပေးထားပါတယ်။   အယ်ဘမ်နဲ့ ပတ်သက်လို့ ဘီလီပြောတာက ကမ္ဘာကြီးမှာ စုစည်းမှုရှိတဲ့စိတ်မျိုး ပျောက်ကွယ်နေပြီး Revolution Radio ခွေဟာ ပျောက်ဆုံးသွားတဲ့ စိတ်ဝိညာဉ်တွေ အတူတကွဖြစ်သွားဖို့၊ အတူတကွသီဆိုဖို့ လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

play

 

လောလောဆယ် ခွေသစ်ကို မျှော်ရင်း အမေရိကရဲ့ ယဉ်ကျေးမှုကြီးကို နားထောင်ကြည့်ပါဦး။

Photos & Source: Loudwire

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ