Movie & Music: Guns N’ Roses စင်ကာပူမှာ ပထမဆုံးအကြိမ် ဖျော်ဖြေမည်

Guns N' Roses အဖွဲ့ရဲ့ Not In This Lifetime ကမ္ဘာလှည့် ဂီတဖျော်ဖြေပွဲ အစီအစဉ်အရ စင်ကာပူမှာ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

play


ကမ္ဘာကျော် အမေရိကန် ရော့ခ်ဂီတအဖွဲ့ Guns N' Roses က လာမယ့်နှစ်အတွင်း စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ Guns N' Roses အဖွဲ့ရဲ့ Not In This Lifetime ကမ္ဘာလှည့် ဂီတဖျော်ဖြေပွဲ အစီအစဉ်အရ စင်ကာပူမှာ ဖျော်ဖြေသွားမှာဖြစ်ကြောင်း ပွဲစီစဉ်သူတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

play


Guns N' Roses အဖွဲ့ဟာ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီိ ၅ ရက်မှာ စင်ကာပူနိုင်ငံ Changi Exhibition Centere မှာ သီဆိုဖျော်ဖြေရန် စီစဉ်ထားပြီး လက်မှတ်တစ်စောင်လျှင် စင်ကာပူဒေါ်လာ ၁၉၈ မှ ၃၈၈ အထိ ကျသင့်နိုင်ကြောင်း Channel NewsAsia ကို သတင်းရင်းမြစ်က ပြောပါတယ်။

play


စင်ကာပူမှာ Guns N' Roses အဖွဲ့ သီဆိုဖျော်ဖြေမှုဟာ ပထမဆုံးအကြိမ် ဖြစ်လာမှာပါ။ ယခင်က Guns N' Roses အဖွဲ့မှ ဂစ်တာသမား ဆလက်ရှ်တစ်ဦးတည်းသာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တွေမှာ စင်ကာပူကို လာရောက်ဖျော်ဖြေခဲ့ဖူးတာ ဖြစ်ပါတယ်။ ကမ္ဘာကျော် Guns N' Roses ရော့ခ်ဂီတအဖွဲ့ကို ၁၉၈၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။
Source & Photo: CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ