Movie & Music: Harley Quinn ဇာတ်လမ်း သီးသန့်ရိုက်ဖို့ မားဂေါ့ရော့ဘီစာချုပ်ချုပ်ဆို

Suicide Squad ဇာတ်ကားထဲမှာ အပေါက်ဆုံးဇာတ်ကောင်ဖြစ်သလို မားဂေါ့ရော့ဘီသရုပ်ဆောင်တာလည်း တော်တော်ကောင်းခဲ့တာပါ။

play

 

သြစတြေးလျမင်းသမီး မားဂေါ့ရော့ဘီကို Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက Harley Quinn ဇာတ်ကားရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။

play

 

DC ရုပ်ပြရဲ့ နာမည်ကျော်ဇာတ်ကောင်တွေဖြစ်တဲ့ Wonder Woman, Justice League, Cyborg, The Flash, Green Lantern နဲ့ Batman တို့ကို ဇာတ်လမ်းအဖြစ် အသက်သွင်းပြီးတဲ့နောက်မှာ Harley Quinnကိုပါ ရုပ်ရှင်အဖြစ်အသက်သွင်းတော့မယ်လို့ ယူဆရပါတယ်။ ဇာတ်လမ်းအကြောင်း အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

play

 

Harley Quinn ရဲ့ တစ်ကိုယ်တော်ရုပ်ရှင်သာမက နာမည်ကျော်စာရေးဆရာ Dean N. Jensen ရဲ့ Queen of the Air ဇာတ်ကားကိုပါ မားဂေါ့ရော့ဘီက သရုပ်ဆောင်ရဦးမယ်လို့ သိရပါတယ်။

Source : Hollywood Reporter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ