Movie & Music: IOI အဖွဲ့ရဲ့ ချစ်စရာအကတွေနဲ့ Very Very Very သီချင်းဗီဒီယိုထွက်ရှိ

သီချင်းလေးက လူတွေလိုပဲ အရမ်းအရမ်းအရမ်းကို ချစ်စရာကောင်းပါတယ်။

play

 

ချစ်စရာမိန်းကလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ IOI အဖွဲ့ရဲ့ Very Very Very အမည်ရှိ သီချင်းသစ်တစ်ပုဒ် အောက်တိုဘာ ၁၆ ရက်မှာ ထွက်ရှိလာပါတယ်။

play

 

အရမ်း..အရမ်း..အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေးတွေက အရမ်းချစ်ရတဲ့အကြောင်းတွေကို သီဆိုထားကြတာပါ။ ငယ်ရွယ်နုပျိုပြီး လန်းဆန်းတက်ကြွတဲ့ ကောင်မလေးတွေက သီချင်းလေးလိုပဲ ချစ်စရာကောင်းစွာ တင်ဆက်ကပြထားကြပါသေးတယ်။

play

 

ဒီသီချင်းဟာ IOI ရဲ့ ဒုတိယမြောက်မီနီအယ်လ်ဘမ် Miss Me? ထဲက သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ