Movie & Music: ကြည့်ရှုမှုကြိမ်ရေ ၁၀ သန်း ပြည့်သွားတဲ့ IOI ရဲ့ Very Very Very

စလွှင့်လိုက်တဲ့နေ့မှာပဲ အကြိမ်ရေ ၃ သန်း ကြည့်ရှုခံထားခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

အောက်တိုဘာ တတိယပတ်မှာ ဖြန့်ချိခဲ့တဲ့ IOI အဖွဲ့ရဲ့ Very Very Very သီချင်းဟာ နှစ်ပတ်အတွင်းမှာပဲ YouTube မှာ အကြိမ်ရေ ၁၀ သန်း ကြည့်ရှုခြင်းခံထားရပြီးပါပြီ။ တကယ်ကို များပြားတဲ့ အောင်မြင်မှုတစ်ခုပါပဲ။

YouTube မှာ စလွှင့်လိုက်တဲ့နေ့မှာပဲ အကြိမ်ရေ ၃ သန်း ကြည့်ရှုခံထားခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြည်တွင်းက Music Chart မှာ လည်း နံပါတ် ၈ နေရာကို ချက်ခြင်းရောက်သွားခဲ့တာပါ။

play

 

ဒီသီချင်းနဲ့ပဲ IOI အဖွဲ့ဟာ ဆုပေါင်းများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သီချင်းလေးကတော့ မြူးမြူးလေးဖြစ်ပြီး အရမ်းအရမ်းအရမ်း ချစ်ရကြောင်းကို သရုပ်ဖော်ထားတာကို တွေ့ရပါတယ်။

Source : Kpop Fighting

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ