Movie & Music: Iron Man ဖြစ်လာမယ့် လူမည်းမလေးရဲ့စူပါဟီးရိုးနာမည်

တိုနီစတက်ခ်နဲ့ ရီရီဝီလျံတို့ စူပါဟီးရိုးဖြစ်လာပုံချင်းတော့ ခပ်ဆင်ဆင်ပါ။

play

 

လက်ရှိ Iron Man နေရာမှာ လူမည်းမလေးနဲ့ အစားထိုးသွားမယ်လို့ Mavel ရုပ်ပြက ကြေညာခဲ့ပြီး တစ်လအကြာမှာ Iron Man အသစ်ရဲ့ စူပါဟီးရိုးနာမည်ထွက်ပေါ်လာပါတယ်။

အမျိုးသမီး Iron Man အဖြစ် အစားထိုးသွားမယ့် ရီရီဝီလျံဟာ Ironheart အမည်ရှိ စူပါဟီးရိုးသစ် ဖြစ်လာမယ်လို့ ဇာတ်ညွှန်းရေးဆရာ ဘရိုင်ယန်မိုက်ကယ်က ပြောလိုက်တာပါ။ ပထမဆုံး ပွဲထွက်ရုပ်ပြအမည်ကို Invicible Iron Man အမည်နဲ့ ထွက်ရှိမှာဖြစ်ပါတယ်။

play

 

တိုနီစတက်ခ်ဟာ နှလုံးပြဿနာကြောင့် တီထွင်ရင်းက Iron Man ဖြစ်လာခဲ့သလို ရီရီဝီလျံကလည်း နှလုံးနဲ့ဆက်နွှယ်ပြီး Ironheart ဖြစ်လာလိမ့်မယ်လို့ မိုက်ကယ်က သဲလွန်စပေးသွားပါသေးတယ်။

Source : IGN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ