Movie & Music: Jingle Bell Ball ပွဲမှာ သီဆိုဖျော်ဖြေခဲ့ကြတဲ့ Little Mix

သီချင်းရဲ့မြူးကြွမှုနဲ့ ဆက်စီကျလှတဲ့ ဝတ်စားဆင်ယင်မှုကြောင့် အရမ်းကို ကြည့်လို့ ကောင်းနေခဲ့ပါတယ်။

Jingle Bell Ball ပွဲမှာ Hair သီချင်းနဲ့ Little Mix သီဆိုဖျော်ဖြေနေစဉ်
play

 

ဂျိတ်ဒ်၊ ပယ်ရီ၊ ဂျက်စီနဲ့ လီအန်တို့ဟာ လန်ဒန်မှာ ပြုလုပ်တဲ့ Jingle Bell Ball ပွဲရဲ့ ကော်ဇောနီပေါ်ကို စတိုင်ကျကျ ဝတ်ဆင်တက်ရောက်လာခဲ့ပြီးတဲ့နောက် စတိတ်စင်ပေါ်မှာလည်း အပေါ်ပိုင်းဗလာ အမျိုးသားအကသမားတွေဝိုင်းရံလျက် ဆက်စီကျကျ ဖျော်ဖြေသွားခဲ့ပါတယ်။

play

 

ပိုက်ကွန်ဘောင်းဘီ၊ ဘရာဆန်ဆန် အပေါ်ဝတ်အင်္ကျီတို့နဲ့ အရမ်းလန်းနေခဲ့တဲ့ Little Mix အဖွဲ့ဟာ ကကွက်တွေကိုလည်း စည်းချက်နဲ့အညီ ဖန်တီးနိုင်ခဲ့ပါတယ်။

play

 

ှ့ဂျေစီဟာ မကြာသေးမီကမှ အဆိုတော် Jake Roche နဲ့ ပြတ်သွားခဲ့ပြီး Shout Out to My Ex အဆိုတော်မလေးတွေထဲမှာ သုံးယောက်ဟာ ချစ်သူတွေ မရှိကြတော့ဘဲ ပါတီတွေကျင်းပရင်း ပျော်မွေ့နေကြတယ်လို့ ဆိုပါတယ်။

play

 

"ပါတီတွေ ကျင်းပနေတာပါပဲ။ ဒီညလည်း သွားဦးမှာ" လို့ လီအန်က ပြောပါတယ်။

ဒါပေမဲ့ ဂျိတ်ဒ်ကတော့ အချစ်ရေးအဆင်ပြေနေသူပါ။

"ခရစ္စမတ်မှာ နားရက်ရတယ်။ ဒါပေမဲ့ အဲဒီနေ့ကို ချစ်သူနဲ့ ကုန်ဆုံးဖို့ စဉ်းစားထားတယ်" လို့ သူမက ဆိုခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ