Movie & Music: ပွဲဦးထွက်နမူနာ ထွက်လာတဲ့ Justice League

၂၀၁၇ ခုနှစ်မှာ ပြသမယ့် ဇာတ်လမ်းကို ပရိသတ်အတွက် အမြည်းပေးလိုက်တာ ဖြစ်ပါတယ်။

play

 

ဒါရိုက်တာ Zach Snyder ရိုက်ကူးထားတဲ့ Justice League ဇာတ်ကားမှာ Batman၊ Wonder Woman၊ Aquaman၊ Flash နဲ့ Cyborg စတဲ့ အဓိကဇာတ်ကောင်တွေ အားလုံးကို ၂ မိနစ်နဲ့ ၄၅ စက္ကန့်ကြာတဲ့ နမူနာထဲမှာ အားလုံးပါဝင်အောင် ပြသသွားတာ တွေ့ရပါတယ်။

နမူနာကို ကြည့်လိုက်တဲ့အခါ ဒီဇာတ်ကားဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းမယ့်ပုံဖြစ်တဲ့အပြင် Batman v Superman ထက် ပိုပြီး မြူးကြွမယ့်ဟန်လည်း ရှိပါတယ်။

play

 

Justic League ဇာတ်ကားရဲ့ ပွဲဦးထွက်နမူနာဟာ Wonder Woman ရဲ့ ပွဲဦးထွက်နမူနာနဲ့အတူ ဇူလိုင်လ ၂၃ ရက်မှာ ပြိုင်တူ ထွက်လာတာ ဖြစ်ပါတယ်။

Source & Photos : Cnet

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ