Movie & Music: ဗီဇာမရလို့ Karaoke World Champion ကို လက်လွှတ်လိုက်ရတဲ့ John Skid

အာရှအဆင့်မှာ ချန်ပီယံဆိုကို ထိုက်တန်စွာ ရရှိခဲ့သူ ဖြစ်ပါတယ်။

play

 

အောက်တိုဘာလကုန်မှာ ကျင်းပမယ့် ကမ္ဘာ့ချန်ပီယံ သီချင်းဆိုပြိုင်ပွဲကို အာရှအဆင့်ချန်ပီယံဆုကို ရရှိခဲ့တဲ့ မြန်မာနိုင်ငံ သား John Skid က သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သွားရောက်ဖို့အတွက် ဗီဇာမရတာကြောင့် ယှဉ်ပြိုင်ခွင့်ကို လက်လွှတ်ဆုံးရှုံးလိုက်တယ်လို့  သိရပါတယ်။

play

 

"ကိုယ့်တိုင်းပြည်နဲ့လူမျိုးအတွက် KWCMyanmar အတွက် ကမ္ဘာ့ဖလားကို အပိုင်သိမ်းဖို့ ယုံကြည်ချက် အပြည့်နဲ့ သန္နိဋ္ဌါန်ချထားခဲ့သူပါ။ But.Unexpectedly Visa failureဖြစ်သွားလို့ ကြီးမားတဲ့ ဆုံးရှူံးမှူကြီးတစ်ခုလို ကြေကွဲစွာ ခံစားရပါတယ်။ အားလုံးလည်း ထပ်တူဝမ်းနည်း နေကြမယ်ဆိုတာ သိပါတယ်။ကျေနပ်စရာတစ်ခုက"မြန်မာကိုကမ္ဘာက တလေးတစားနဲ့ အသိအမှတ်ပြုလိုက်ပါပြီ" ကိုယ်တိုင်လည်း အောင်မြင်မှု ကမ္ဗည်းမှတ်တိုင် စိုက်ထူနိုင်ခဲ့လို့ ဝမ်းသာပီတိ ဖြစ်မဆုံးပါ။အနိုင်နဲ့ ပိုင်းခဲ့တယ်လို့ပဲ မှတ်ယူပါတယ် "လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

play

 

ထိုင်ဝမ်မှာ ကျင်းပခဲ့တဲ့ KWC အာရှအဆင့်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အဆိုရှင် John Skid က ပထမဆုကို ရရှိခဲ့ပြီး ကနေဒါနိုင်ငံမှာ ပြုလုပ်မယ့် ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲသို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

Photo : John Skid ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ