Movie & Music: ဟယ်လီဘယ်ရီ အထူးသရုပ်ဆောင်ထားတဲ့ Kidnap ရုပ်ရှင်နမူနာထွက်ရှိ

ပြန်ပေးဆွဲခံရတဲ့သားကို စွန့်စားပြီးကယ်တင်မယ့် အမေတစ်ယောက်နေရာက ပါဝင်ထားတာပါ။

play

 

အော်စကာဆုရှင် ဟယ်လီဘယ်ရီရဲ့စွန့်စားခန်းတွေ ပါဝင်တဲ့ Kidnap ရုပ်ရှင်ဇာတ်ကား နမူနာဗီဒီယို ထွက်ရှိလာပါတယ်။

play

 

သားဖြစ်သူ ဖရန်ကီနဲ့ ပန်းခြံတစ်ခုမှာ အလည်အပတ်သွားရင်း ရုတ်တရက် သားက ပျောက်သွားပါတယ်။ ရဲကိုသွားတိုင်ပေမယ့် ထင်ထားတာထက်ပိုမိုဆိုးရွားနေတဲ့ ကလေးခိုးဂိုဏ်းတစ်ခုမှန်း သိလိုက်ရတဲ့အခါ သူမကိုယ်တိုင် သားကိုရေဆုံးမြေဆုံး လိုက်လံကယ်တင်ဖို့ ကြိုးစားပါတော့တယ်။

play

 

သားကိုခေါ်ဆောင်သွားတဲ့ ကားနောက်ကို တကောက်ကောက်လိုက်ရင်း အမေတစ်ဦးရဲ့ သားဇောကြောင့် ရဲရင့်လာပုံတွေကို ကြည့်ရှုရမှာပါ။ ယခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ အမေရိကမှာစတင်ပြသမယ်လို့ သိရပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ