Movie & Music: လပိုင်းအတွင်း အယ်ဘမ်သစ် ထွက်လာတော့မယ့် Korn

, updated

အဲဒီနေရာကြီးမှာပဲ ထိုင်ပြီး ပုပ်သိုးနေရတာတွေအကြောင်း ရေးထားတာ။

play

 

သူတို့ရဲ့ အယ်ဘမ်သစ်ထွက်လာတော့မယ်လို့ Korn တို့က ကြေညာလိုက်ပါပြီ။ The Serenity of Suffering လို့ အမည်ပေးထားတဲ့ ဒီခွေဟာ သူတို့ရဲ့ ၁၂ ခွေမြောက်ဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်နေ့မှာ ခွေတွေဟာ စင်ပေါ် ရောက်လာမှာ ဖြစ်ပါတယ်။ ဒီခွေမှာ ဧည့်သည်အဆိုတော်အနေနဲ့ Slipknot ရဲ့ ကော်ရေတေလာလည်း ပါဝင်ပေးထားပါတယ်။ 

play

 

“Rotting in Vain" သီချင်းဗီဒီယို တစ်ပုဒ်ကိုလည်း Korn တို့က ပေးမြည်းခဲ့ပြီး အဆိုပါ ဗီဒီယိုနဲ့ ပတ်သက်လို့ JDevil လို့ ခေါ်တဲ့ ဂျော်နသန်ဒေးဗစ်က နည်းနည်းပြောထားပါတယ်။

 “Rotting in Vain" ဟာ ဘဝမှာ မကြိုက်တဲ့အခြေအနေတွေမှာ နေနေရတာ၊ မှောင်မိုက်တဲ့နေရာမှာ ရှိနေတာ၊ ရောက်နေတဲ့ နေရာကို မကြိုက်တာ၊ အဲဒီနေရာကြီးမှာပဲ ထိုင်ပြီး ပုပ်သိုးနေရတာတွေအကြောင်း ရေးထားတာလို့ ဆိုပါတယ်။ Rotting in Vain ကို နားထောင်ပြီး အောက်တိုဘာထဲ ရောက်လာမယ့် Korn တို့ ခွေသစ်ကို မျှော်ကြတာပေါ့။

Photos & Source: Loudwire

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ