Movie & Music: အမ်မာစတုန်း သီချင်းဆိုတာကို နားဆင်ရမယ့် La La Land ဇာတ်ကား ဒုတိယမြောက်နမူနာ

ပထမနမူနာတုန်းက ရိုင်ယန်ဂေါ့စလင်းက သီဆိုထားပါတယ်။

play

 

ရိုင်ယန်ဂေါ့စလင်းက La La Land ဇာတ်ကားရဲ့ ပထမနမူနာမှာ City of Stars သီချင်းကို ဆိုညည်းပြီးချိန်မှာ အခုတော့ အမ်မာစတုန်းအလှည့်ရောက်လာပါပြီ။

play

 

ရိုင်ယန်ဂေါ့စလင်းနဲ့ အမ်မာစတုန်းတို့ ခေါင်းဆောင်ပါဝင်ထားတဲ့ La La Land ဇာတ်ကားထဲမှာ Audition ဆိုတဲ့ သီချင်းကို အမ်မာစတုန်း သီဆိုထားတာ ဖြစ်ပါတယ်။

play

 

၂၀၁၁ ခုနှစ်မှာ Crazy Stupid Love နဲ့ ၂၀၁၃ ခုနှစ်မှာ Gangster Squad ဇာတ်ကားတွေထဲမှာ ချစ်ကျွမ်းဝင်ခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ La La Land မှာ အတူတကွ ပြန်လည်မြင်တွေ့ရမယ့်အပြင် သူတို့ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းတွေပါဝင်တာကြောင့် ပိုပြီးစိတ်ဝင်စားဖွယ် ကောင်းနေပါတယ်။

play

 

La La Land ဇာတ်ကားကို အမေရိကန်ရုပ်ရှင်ရုံတွေမှာ ဒီဇင်ဘာလ ၂ ရက်နဲ့ ယူကေရုပ်ရှင်ရုံတွေမှာ ၂၀၁၇ ဇန်နဝါရီ ၁၃ ရက်တွင် စတင်ပြသသွားမှာပါ။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ