Movie & Music: ရွှေကမ္ဘာလုံးဆု ၇ ခုအတွက် ဆန်ခါတင်စာရင်းဝင်ထားတဲ့ La La Land

မင်းသား၊ မင်းသမီးနဲ့ ဒါရိုက်တာပါ ဆန်ခါတင်စာရင်းဝင်ထားပါတယ်။

play

 

၂၀၁၇ ခုနှစ်မှာ ပေးအပ်ချီးမြှင့်မယ့် ရွှေကမ္ဘာလုံးဆုအတွက် ဆန်ခါတင်စာရင်းတွေကို တနင်္လာညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ယခုလမှ စတင်ပြသခဲ့တဲ့ La La Land ဇာတ်ကားဟာ မယုံနိုင်လောက်အောင်ပဲ ဆုစာရင်းကို ဦးဆောင်နေပါတယ်။ ရိုင်ယန်ဂေါ့စလင်းနဲ့ အမ်မာစတုန်းတို့ ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားဟာ ရွှေကမ္ဘာလုံးဆု ၇ နေရာအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်လာတာဖြစ်ပါတယ်။

play

 

Best Motion Picture - Musical or Comedy ၊ Best Performance by an Actor in a Motion Picture - Musical or Comedy (ရိုင်ယန်ဂေါ့စလင်း) ၊ Best Performance by an Actress in a Motion Picture - Musical or Comedy (အမ်မာစတုန်း) ၊ Best Director - Motion Picture ၊ Best Screenplay - Motion Picture ၊ Best Original Score - Motion Picture နဲ့ Best Original Song - Motion Picture (City of Stars သီချင်း) တို့ပဲ ဖြစ်ပါတယ်။ ဆုပေးပွဲကိုတော့ ဇန်နဝါရီ ၈ ရက်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

Source : Hollywoodlife

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ