Movie & Music: မကြာခင်ရုံတင်တော့မယ့် "ကာလာစုံ Lesson" ရုပ်ရှင်ဇာတ်ကား

စိုင်းစိုင်းနဲ့ဖွေးဖွေးတို့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။

play

 

လူငယ်ပရိသတ်တွေအကြိုက် သရုပ်ဆောင်များ ပါဝင်ထားတဲ့  "ကာလာစုံ Lesson" ရုပ်ရှင်ဇာတ်ကားကို မကြာခင် ရုံတင်ပြသသွားတော့မယ်လို့ သိရပါတယ်။ ရိုက်ထားတာ ကြာပြီ ဖြစ်တဲ့ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ စိုင်းစိုင်းနဲ့ ဖွေးဖွေးရဲ့ ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။

play

 

ရည်းစားလေးယောက်ကြား ဗျာများတဲ့ မင်းသားတစ်ယောက်နဲ့ မိန်းကလေး သရုပ်ဆောင် အမိုက်စားလေးယောက် အပြန်အလှန်တွေ လက်ဆင်ပေးကြတဲ့ အကြောင်းကို ရိုက်ကူးထာားတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။

play

 

အဲ့ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာမီးပွားက ရိုက်ကူးပေးထားတာ စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး၊ မာရီးကိုးလ်၊ ခင်သဇင်၊ ဆန်းသစ်လတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရုံရက်ရတဲ့အချိန် ရုံတင်ပြသသွားမှာလို့ သိရပါတယ်။

Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ