Movie & Music: သီချင်းဗီဒီယိုသစ် ထုတ်လွှင့်မယ်လို့ Little Mix ကြေညာ

Shout Out To My Ex သီချင်းဖြစ်ပါတယ်။

play

 

Little Mix အဖွဲ့က သူတို့ရဲ့ သီချင်းဗီဒီယိုသစ်ကို နောက်အပတ်ထဲမှာ ထုတ်လွှင့်မယ်လို့ ကြေညာသွားပါတယ်။

Shout Out To My Ex လို့အမည်ရတဲ့ ယင်းသီချင်းဟာ Little Mix ရဲ့ စတုတ္ထမြောက်အယ်လ်ဘမ်ထဲက ပထမဆုံးသီချင်းဖြစ်ပြီး နောက်တစ်ပတ် တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် X Factor ရှိုးပွဲမှာ ပထမဆုံးအကြိမ်အနေနဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်။

play

 

သူတို့အဖွဲ့မှာ စပိန်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကနေ သီချင်းဗီဒီယိုအသစ်အကြောင်းကို ကြေညာပြီး တွစ်တာကနေ မျှဝေခဲ့တာ ဖြစ်ပါတယ်။

"မျက်လုံးတွေကို ဖြဲထားပါ" လို့ ဆိုပြီး ပယ်ရီအက်ဒ်ဝက်က ဗီဒီယိုအဆုံးမှာ ပရိသတ်ကို စနောက်သွားပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ