Movie & Music: Little Mix ရဲ့ ရည်းစားဟောင်းကို ခပ်ချေချေတုံ့ပြန်ထားတဲ့ Shout Out

အချစ်ကြောင့် အသည်းကွဲခံစားနေရင် ဒါလေးနားထောင်လိုက်...

play

 

အလန်းစားကောင်မလေးတွေကတော့ သီချင်းလန်းလန်းလေးတစ်ပုဒ်ကို အောက်တိုဘာ ၂၀ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။ Shout Out to My Ex ဟာ ပြတ်သွားတဲ့ ရည်းစားဟောင်းကို ရည်ညွှန်းသီဆိုထားတာပါ။

play

ငိုကြွေး လွမ်းဆွတ်တာတွေလည်း ပါဝင်နေမပါဘူး။ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်နေတဲ့ ကောင်မလေးတွေက အချစ်ဟောင်းနဲ့ ပတ်သက်ပြီး ဂရုမစိုက်တော့တဲ့အကြာင်းကို မြူးမြူးကြွကြွလေး ဖော်ညွှန်းသွားကြပါတယ်။

play

ဆက်စီကျတဲ့ မိန်းကလေးတွေပီပီ အပြုံးတွေ၊ အကြည့်တွေနဲ့လည်း သီချင်းလေးကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်သွားကြတာကို မြင်ရမှာဖြစ်ပါတယ်။

Source : Youtube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ