Movie & Music: တွမ်ခရုခ်ရဲ့အနုပညာကြေး ညှိနှိုင်းနေရလို့ M:I6 အကြိုရိုက်ကူးမှု ဆိုင်းငံ့ထားရ

တွမ်ခရုခ်က အနုပညာကြေးကို ထပ်တိုးတောင်းထားတယ်လို့ သိရပါတယ်။

play

 

M:I6 Mission: Impossible အတွက် လုပ်ငန်းစတင်ဖို့ လူ ၂၀ ခန့် ငှားရမ်းထားပေမဲ့ တွမ်ခရုခ်ရဲ့အနုပညာကြေးနဲ့ပတ်သက်ပြီး ဆွေးနွေးနေတုန်းဖြစ်လို့ လုပ်ငန်းကို ခဏဆိုင်းငံ့ထားရတယ်လို့ သိရပါတယ်။

တွမ်က Universal က The Mummy ကားအတွက် သူရခဲ့တဲ့ အနုပညာကြေးအတိုင်းပဲ လိုချင်ပြီး Paramount က M:I5 တုန်းကပေးခဲ့တဲ့အတိုင်းပဲ တွမ်ကို ပေးချင်နေပါတယ်။

play

 

ဒါပေမဲ့ အနုပညာကြေးညှိနှိုင်းမှုက လာမယ့် ဇန်နဝါရီလမှ စမှာဖြစ်တဲ့ ရုပ်ရှင်ရိုက်ကူးမှုအပေါ် သက်ရောက်မှု မရှိနိုင်ပါဘူး။

Mission: Impossible Rogue Nation (M:I5) အတွက် အသုံးစရိတ်မှာ ဒေါ်လာ သန်း ၁၅၀ ရရှိခဲ့ပြီး တစ်ကမ္ဘာလုံးစုစုပေါင်း ဝင်ငွေက ဒေါ်လာ ၆၈၂ သန်းရှိခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ