Movie & Music: Man of Steel နောက်ဆက်တွဲ ရိုက်ကူးမယ်လို့သတင်းထွက်

၂၀၁၃ ခုနှစ်မှာ ပြသခဲ့တဲ့ Man of Steel ဟာ ၂၀၁၆ ခုနှစ် Dawn of Justice မှာတော့ သေဆုံးသွားတဲ့အသွင်နဲ့ ဇာတ်သိမ်းထားပါတယ်။

play

 

ဟင်နရီကဗီးလ် စူပါမန်းအဖြစ်နဲ့ အထူးသရုပ်ဆောင်ခဲ့တဲ့ Man of Steel ရုပ်ရှင်ကို နောက်ဆက်တွဲဇာတ်ကား ဆက်လက်ကြည့်ရဦးမှာပါ။ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးဘက်က Man of Steel နောက်ဆက်တွဲဇာတ်ကားဖြစ်လာရေး စီစဉ်နေပြီလို့ သိရပါတယ်။

play

 

ယခုနှစ်အတွင်း ရုံတင်ခဲ့တဲ့ Batman v Superman : Dawn of Justice မှာတော့ စူပါမန်းသေဆုံးသွားတဲ့အသွင်နဲ့ ဇာတ်သိမ်းထားခဲ့ပါတယ်။ အကယ်၍ Justice League Part 2 မှာ စူပါမန်းဇာတ်ရုပ်ပါဝင်ဖို့အတွက်ဆိုရင်တော့ Man of Steel နောက်ဆက်တွဲကို ရိုက်ကူးရမယ့်အနေအထားလည်းရှိပါတယ်။

play

 

DC ရုပ်ပြရဲ့အဓိကနာမည်ကြီးဇာတ်ကောင် စူပါမန်းကို နောက်ထပ်ဇာတ်ကား ရိုက်ကူးဖို့ Warner Bros ထုတ်လုပ်ရေးဘက်က စီစဉ်နေတဲ့အကြောင်း နီးစပ်သူတစ်ဦးက The Wrap ကို ပြောခဲ့တာဖြစ်ပါတယ်။ Warner Bros ရဲ့ တရားဝင်ကြေညာချက်တော့ မထွက်လာသေးပါဘူး။

Source : The Wrap

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ