Movie & Music: အဒမ်လီဗိုင်းဇနီးသည်ကြောင့် Maroon 5 ဖျော်ဖြေပွဲဖျက်သိမ်း

အဒမ်က သီချင်းဆိုဖို့ရာ စိတ်မဖြောင့်နိုင်ပါဘူး။

play

ဟတ်ဖို့ဒ်မှာ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ပြုလုပ်မယ့် ရှိုးပွဲကို Maroon 5 အဖွဲ့က ဖျက်သိမ်းလိုက်ပါတယ်။

play

 

ပင်တိုင်အဆိုတော်အဒမ်လီဗိုင်းရဲ့ ဇနီးသည် မော်ဒယ်လေး ဘီဟေတီ ပရင့်စ်လူဟာ ကိုယ်ဝန်အရင့်အမာ ဖြစ်နေပြီး စက်တင်ဘာ ၂၀ မှာ မွေးဖွားလိမ့်မယ်လို့ ဆရာဝန်တွေက ရက်ခန့်မှန်းပေးထားလို့ ဖြစ်ပါတယ်။ ပထဆုံးရင်သွေးလည်းဖြစ်တာကြောင့် အဒမ်က သီချင်းဆိုဖို့ရာ စိတ်မဖြောင့်နိုင်ပါဘူး။

play

Maroon 5 အဖွဲ့ဟာ ရှေ့ပိုင်းမှာလည်း Maroon V Tour ဖျော်ဖြေရေးခရီးစဉ်ထဲက ရှိုးပွဲ ၇ ပွဲကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။

Source : Just Jared

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ