Movie & Music: ပိုကီမွန်ဂိုးအကောင်လေးတွေနဲ့ Maroon 5 ရဲ့ သီချင်းသစ်

ကန်ဒရစ်လာမာကလည်း ပူးပေါင်းပါဝင်ထားပါတယ်။

play

 

Maroon 5 ရဲ့ Don't Wanna Know မှာ အခြားနာမည်ကျော်အဆိုတော် ကန်ဒရစ်လာမာကလည်း ပူးပေါင်းသီဆိုထားတာမို့ ပြောစရာမလိုလောက်အောင်ကို ကောင်းပါတယ်။ မြူးကြွတဲ့သံစဉ်နဲ့ စာသားလေးတွေကလည်း ပရိတ်အကြိုက်တွေ့မှာပါ။

play

 

သီချင်းဗီဒီယိုကိုတော့ အောက်တိုဘာ ၁၄ ရက်နေ့မှာ စတင်ဖြန့်ချိလိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးကို အကြီးအကျယ် ရိုက်ခတ်ခဲ့တဲ့ ပိုကီမွန်ဂိုး (Pokémon Go)ဂိမ်းကစားပုံကို အခြေခံရိုက်ကူးထားပါတယ်။ Maroon 5 အဖွဲ့သားတွေကလည်း ဂိမ်းထဲက အကောင်လေးတွေပုံစံ အရုပ်ဝတ်စုံတွေ ဝတ်ဆင်ထားကာ လိုက်လံဖမ်းဆီးခံနေရပုံတွေကို မြင်ရမှာပါ။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ