Movie & Music: စိတ်ကူးယဉ်ပုံပြင်ဆန်တဲ့ Maroon 5 ရဲ့ What Lovers Do

လူမည်းအဆိုတော်မအသစ်လေး SZA ကို Featuring ခေါ်ထားပါတယ်။

အချိန်တော်တော်ကြာ သီချင်းဗီဒီယိုထွက်ရှိခြင်းသိပ်မရှိတော့တဲ့ Maroon 5 ဟာ သိပ်မကြာသေးခင်ရက်လေးမှာ What Lovers Do ဆိုတဲ့ ချစ်စရာကောင်းတဲ့သီချင်းဗီဒီယိုလေး ထွက်ရှိလာပါတယ်။ သီချင်းလေးကလည်း ချိုချိုလေးနဲ့ နားထောင်လို့တော်တော်ကောင်းတာပါ။

play

 

သီချင်းဗီဒီယိုစစချင်းလေးမှာ ကလေးဘ၀တည်းကချစ်ခင်ကျီစယ်နေတဲ့ ကလေးလေးနဲ့ကလေးမလေး ပြေးလွှားဆော့ကစားနေတာကို ရိုက်ပြထားပါတယ်။ အဲ့ဒီ့နောက်မှာတော့ ပုံပြင်ဆန်ဆန် လူကြီးအဖြစ်ရောက်သွားကြပြီး သူတို့နှစ်ယောက် သမီးရည်းစားတွေအဖြစ် စနောက်ကျီစယ်တာလေးတွေကလည်း ချစ်စရာပါ။

 

ရေထဲရောက်တဲ့အချိန် ရေသူမလေးအဖြစ်ပြောင်းလဲသွားတာတွေ၊ မြို့ထဲမှာ အဒမ်လီဗိုင်း (Maroon 5) တစ်ယောက် လူ့ဘီလူးကြီးဖြစ်ပြီး သူ့ချစ်သူကောင်မလေးကို အပိုင်သိမ်းတာတွေက မသိရင် ပုံပြင်ကာတွန်းကားလေးတွေကို လူအဖြစ်ပုံဖော်ထားသလိုပါပဲ။

play

 

နဂိုတည်းက ပရိသတ်တွေရဲ့အချစ်တော် Maroon 5 အဖွဲ့ဟာ အခု ၂၀၁၇ မှာမှ Ctrl ဆိုတဲ့တေးအယ်လ်ဘမ်ထွက်ရှိထားပြီး လူသိနည်းနေသေးတဲ့ လူမည်းအဆိုတော်မလေး SZA ကို Featuring ခေါ်ဆိုလိုက်တာကတော့ ပရိသတ်တွေအားပေးမှုရအောင် လုပ်ပေးလိုက်သလိုပါပဲ။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ