၂၀၁၇ ခုနှစ်ရဲ့ Melody World ပြိုင်ပွဲမှာ ပထမ ရရှိသူကို တစ်ကိုယ်တော်အခွေ သီးသန့် ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆုံးအဆင့်ထိ ရောက်ရှိလာတဲ့ သုံးဦးကိုလည်း အဖွဲ့လိုက်အခွေ စီစဉ်ပေးမယ်လို့ ပွဲစီစဉ်သူက ဆိုပါတယ်။

play

 

‘‘အရင်တုန်းက ၁၁ ယောက်၊၁၂ ယောက် အခွေထဲမှာပါတယ်။ အဲဒီလူတွေက နယ်ကလူတွေဆို တော့ စောင့်ပြီး သီချင်းသွင်းရ တော့ ပွဲပြီးပြီးလူတွေသိတဲ့အချိန် မှာ အခွေကမထွက်နိုင်ဘူး။ အဲဒီ တော့ လူတွေမသိတော့ဘူး။ အခု တော့ အခွေထွက်တာလည်း မြန် အောင် ပြီးတော့ ဆုရသွားတဲ့လူ တွေလည်း သီချင်းပုဒ်ရေများများ နဲ့ ဒီလောကထဲကို မြန်မြန်ရောက် အောင်လို့’’ ဆိုပြီး ပြောပြထားပါတယ်။

Melody World 2017 ပြိုင်ပွဲရဲ့ဖိုင်နယ်ပွဲကို နိုဝင်ဘာ(၂၄)ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး နောက်ဆုံးအဆင့်ထိ ရောက်ရှိလာသူ မှိုနတို၊ ရွှေဇင်မိုး၊ မေမင်းနဲ့ ချိုစန္ဒီချစ်စုတို့ လေးဦး ယှဉ်ပြိုင်ခဲ့ရာ The Best of Melody World 2017 ဆုကို ချိုစန္ဒီချစ်စုက ရရှိခဲ့ပါတယ်။

play

 

Melody World ပြိုင်ပွဲမှာတော့ အကဲဖြတ်ဒိုင်များအဖြစ် မင်းချစ်သူ၊ မြင့်မိုးအောင်၊ ရယ်ဂျီနဲ့နွဲ့ယဉ်ဝင်းတို့က ဆောင်ရွက်ခဲ့ပြီး ဧည့်သည့်အဆိုရှင်များအဖြစ် အာဇာနည်နဲ့နီနီခင်ဇော်တို့က ပါဝင်ဖျော်ဖြေခဲ့ပါတယ်။

Melody World ပြိုင်ပွဲကို ၂၀၀၇ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး ဂီတလောကမှာ အောင်မြင်မှု ရရှိနေသူ အများအပြားကို မွေးထုတ်ပေးနိုင်တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

Postby

 

Source : 7day Daily

Photo  : 7day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video