Movie & Music: တွမ်ခရုဇ်ပါဝင်ထားတဲ့ Mena ဇာတ်ကားကို အမည်ပြောင်းလဲကြေညာ

ပြသမယ့်ရက်လည်း နောက်ဆုတ်သွားပါတယ်။

play

 

မင်းသားကြီးတွမ်ခရုဇ် အဓိကသရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား Mena ကို American Made လို့ အမည်ပြောင်းလဲလိုက်တဲ့အကြောင်း ဒါရိုက်တာ ဒေါက်ဂ်လီမန်က ကြေညာခဲ့ပါတယ်။ Mena ဟာ သည်းထိတ်ရင်ဖိုဇာတ်ကားအမျိုးအစားဖြစ်ပြီး ရှေ့နှစ် ဇန်နဝါရီ ၆ ရက်မှာ ရုံတင်ဖို့ ကြေညာထားပြီးသားပါ။

play
ဆာရာရိုက်က ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပါတယ်။

 

American Made လို့ အမည်ပြောင်းလဲပြီးချိန်မှာတော့ ရုံတင်ရက်ကိုလည်း ၂၀၁၇ စက်တင်ဘာ ၂၉ မှသာ ပြသတော့မယ့်အကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။ ဘယ်ရီစီးလ် (Barry Seal)အမည်ရှိ အထူးတပ်ဖွဲ့ဝင်တစ်ဦးရဲ့အထူးတာဝန်ထမ်းဆောင်မှုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး စွန့်စားခန်းနဲ့အက်ရှင်တွေအဓိကပါဝင်ပါတယ်။

Source : EW

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ