Movie & Music: Monsta X အဖွဲ့ရဲ့ Stuck MTV ထွက်ရှိ

တစ်နှစ်အတွင်းမှာ နိုင်ငံတကာ ကေပေါ့ပ်ပရိသတ်တွေကြား နေရာတစ်ခုရပ်တည်လာနိုင်တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

play

 

လူငယ်လေး ၇ ဦးနဲ့ ဖွဲ့စည်းထားတဲ့ Monsta X အဖွဲ့က Stuck အမည်ရှိ သီချင်းသစ်တစ်ပုဒ်ကို ယခုသီတင်းပတ်ကုန်မှာ ဖြန့်ချိလိုက်ပြန်ပါတယ်။ Stuck ဟာ ကေပေါ့သီချင်းတွေထဲက လူတွေနားထောင်တာများတဲ့ သံစဉ်မျိုးပါပဲ။ အီလက်ထရိုပေါ့ပ်နဲ့ ရပ်ပ်ကို ပေါင်းစပ်ထားတဲ့စတိုင်ဖြစ်ပါတယ်။ ခေတ်လူငယ်တွေပီပီ ယခုနှစ်တွေထဲမှာ ရေပန်းစားနေတဲ့ ဘောင်းဘီအပြဲစတိုင်လ်တွေကို ဝတ်ဆင်ကာ အထက်အောက် အနက်တွေဆင်တူနဲ့လည်း ကခဲ့ကြပါသေးတယ်။

play

 

၂၀၁၅ ခုနှစ်ကမှ စတင်ပွဲထွက်ခဲ့တဲ့ Monsta X အဖွဲ့ဟာ တစ်နှစ်အတွင်းမှာပဲ ပရိသတ်အကြိုက် ကေပေါ့အဖွဲ့သစ်တစ်ခု ဖြစ်လာခဲ့ပြီး နိုင်ငံတကာကေပေါ့ပ်ချစ်သူတွေကြားမှာလည်း ပိုမိုနေရာရလာခဲ့ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ