Movie & Music: MTV ဆုအတွက် ဆန်ကာတင် ရွေးချယ်ခံထားရတဲ့ The Chaninsmokers

သူတို့နဲ့အတူ လျာထားခံရသူတွေက  Skrillex နဲ့ Calvin Harris တို့ ဖြစ်ပါတယ်။

play

 

MTV ဗီဒီယိုဂီတဆုပေးပွဲကို ၂၀၁၆ သြဂုတ် ၂၈ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီ့အတွက် ဆန်ကာတင် ရွေးချယ်ထားသူတွေကို ကြေညာခဲ့ရာမှာ  အကောင်းဆုံးအီလက်ထရောနစ် ဗီဒီယိုဂီတဆုအတွက် The Chaninsmokers တို့လည်း ပါဝင်လာပါတယ်။

play

 

၂၀၁၆ ဖေဖော်ဝါရီက ထွက်ထားတဲ့ သူတို့ရဲ့ Don't Let Me Down နဲ့ ရွေးချယ်ခံထားရတာ ဖြစ်ပြီး သီချင်းဟာ ပေါက်ချက်လည်း ပြင်းခဲ့ပါတယ်။ Daya ပါဝင်သီဆိုထားတဲ့ ဒီသီချင်းမှာ The Chainsmokers တို့ဟာ ရှေ့နှစ်တွေက ထွက်ထားတဲ့ Roses နဲ့  #Selfie တို့ကို မီရုံတင်မက အများနဲ့ မတူဘဲ တစ်မျိုးကွဲထွက်ထားပါတယ်။ ဒါပေမဲ့ အဆိုပါဆုအတွက် သူတို့နဲ့အတူ လျာထားခံရသူတွေက  Skrillex နဲ့ Calvin Harris တို့လို လူတွေ ဖြစ်တာကြောင့် သိပ်တော့ မလွယ်ပါဘူး။

Photos & Source: edmsauce

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ