Movie & Music: MTV VMA ဆု လျာထားစာရင်းထိပ်ဆုံးမှာ ဘီယွန်းဆေးနဲ့အဒဲလ်တို့ဦးဆောင်နေ

ဘီယွန်းဆေးကတော့ တကယ့်ကို အံ့သြချီးကျူးစရာပါပဲ။ ဒီလောက် ဆုအများကြီး လျာထားခံရတာ သူမပဲရှိပါသေးတယ်။

play

 

၂၀၁၆ ခုနှစ် MTV VMA (သီချင်းဗီဒီယိုဆုပေးပွဲ) ဆုပေးပွဲအတွက် လျာထားစာရင်းတွေကို အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်ရာမှာ အမျိုးသမီးအဆိုကျော်နှစ်ဦးက ထိပ်ဆုံးမှာနေရာယူထားတာတွေ့ရပါတယ်။ ပေါ့ပ်ဘုရင်မ ဘီယွန်းဆေးက ဆုပေါင်း ၁၁ ခုအတွက် လျာထားခံရပြီး R&B အဆိုတော် အဒဲလ်ကတော့ ဆုပေါင်း ၈ ဆုအတွက် လျာထားခံရပါတယ်။

play

 

ဘီယွန်းဆေးကို ဆု ၁၁ ခုအတွက် လျာထားမှုဟာ MTV VMA သမိုင်းမှာ ဆုအရေအတွက် အမြင့်ဆုံးလျာထားခံရမှုလည်း ဖြစ်လာပါတယ်။ ယင်း ၁၁ ဆုအနက် ၆ ဆုမှာ သူမရဲ့ Formation ခွေထဲက သီချင်းတွေကို လျာထားခံရတာပါ။

play

 

ဗြိတိန်အဆိုတော် အဒဲလ်က ဆု ၈ ခုအတွက် လျာထားခံရပြီး Hello သီချင်းတစ်ပုဒ်တည်းကတင် ဆုနေရာ ၇ ခုအတွက် လျာထားခံရတာဖြစ်ပါတယ်။ Hello သီချင်းဟာ စတင်ဖြန့်ချိလိုက်စဉ်မှာပဲ မူရင်းသီချင်းခွေနဲ့ ကော်ပီပေါင်းများစွာကို စံချိန်တင်ရောင်းချနိုင်ခဲ့ပါတယ်။

play

 

ဆယ်လီတွေရဲ့ အဝတ်မဲ့ပုံတူဖယောင်းရုပ်တွေကို အသုံးပြုထားပြီး တေလာဆွစ်နဲ့ အကြီးအကျယ်ပြဿနာတက်နေတဲ့ Famous သီချင်းဗီဒီယိုဟာလည်း လျာထားစာရင်မှာ ပါဝင်လာတာက စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဆုပေးပွဲကိုတော့ သြဂုတ် ၂၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Source : MTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ