Movie & Music: အဖွဲ့ပြန်လည်ပေါင်းစည်းရန်မရှိဟု My Chemical Romance ကြေညာ

သီချင်းတွေတော့ ဆက်လက်ထွက်နေကြဦးမှာပါ။

play

 

My Chemical Romance ကို ပြန်လည်ပေါင်းစည်းသွားမှာမဟုတ်ပေမယ့် အတူပူးပေါင်းပြီး သီချင်းတွေထုတ်သွားဖို့ရှိတယ်လို့ အမေရိကန်ရော့ခ်ဂီတအဖွဲ့က ပြောပါတယ်။ The Black Parade ထွက်ရှိခြင်း ၁၀ နှစ်ပြည့်အတွက်လည်း ဖျော်ဖြေပွဲလုပ်ဖို့ အစီအစဉ်မရှိကြောင်း ပြောပါတယ်။

play

 

အဖွဲ့သားတွေ ပူးပေါင်းပါဝင်ထားတဲ့ Living With Ghosts သီချင်းကို အမြည်းသဘောမျိုးနဲ့ တီးလုံးသက်သက်ကို ဇူလိုင် ၂၉ ရက်နေ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။ သီချင်းကတော့ စက်တင်ဘာ ၂၃ ရက်မှ ထွက်ရှိမှာပါ။ အယ်လ်ဘမ်သစ်ရဲ့အမည်ကို “The Five of Us Are Dying." လို့ အမည်ပေးထားတဲ့ အယ်လ်ဘမ်ကို The Black Parade ၁၀ နှစ်ပြည့် အထိမ်းအမှတ်နဲ့သာ ထွက်ရှိမှာဖြစ်ပြီး My Chemical Romance အဖွဲ့အဖြစ် ပြန်လည်ပေါင်းစည်းသွားမှာမဟုတ်ကြောင်း တွစ်တာပေါ်မှာ ရေးထားပါတယ်။

play

 

MCR ကို နှလုံးသားထဲမှာရော စိတ်ထဲမှာပါ ဆက်လက်သိမ်းဆည်းပေးထားတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့လည်း အဖွဲ့ရဲ့တွစ်တာမှာ ဖော်ပြထားပါတယ်။ My Chemical Romance အဖွဲ့ဟာ ၂၀၁၃ ခုနှစ် ကစပြီး ရပ်နားခဲ့တာဖြစ်ပါတယ်။

Source : MTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ