Movie & Music: Myanmar Girls အဖွဲ့ရဲ့ မီနီအယ်လ်ဘမ်

နိုဝင်ဘာ(၁၀)ရက်နေ့ ထွက်ရှိမှာ ဖြစ်ပါတယ်။

play

 

အမျိုးသမီး အဆိုတော်သုံးဦးနဲ့ ဖွဲ့စည်းထားတဲ့ Myanmar Girls Band အဖွဲ့ရဲ့စီးရီးခွေသစ်ကတော့ မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မီနီအယ်လ်ဘမ်အနေနဲ့ ထွက်ရှိမယ့်  "Shake it " အခွေထဲမှာ သီချင်း ငါးပုဒ်ပါဝင် သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။Myanmar Girls Band အဖွဲ့ရဲ့ သီချင်းတွေပါဝင်တဲ့ မီနီအယ်လ်ဘမ် ကို  နိုဝင်ဘာ (၁၀)ရက်နေ့မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။

play

 

MTV ရိုက်ကူးမှုများနဲ့ တစ်ခါတည်းထွက်ရှိလာတဲ့ "Shake it" အခွေထဲမှာ Title သီချင်းဖြစ်တဲ့ "Shake it" ကိုတော့ ဆင်ဆာငြိခဲ့တာကြောင့် Audio သီချင်းအနေနဲ့သာပါဝင်မှာဖြစ်တယ်လို့ အဖွဲ့ဝင်ချာချာက ဆိုပါတယ်။

play

 

Shake it တေးစီးရီးတွင် တေးရေးများအဖြစ် တေးရေး စလိုင်းနဲ့Myanmar Girls band အဖွဲ့သားများက ရေးသားထားပြီး တေးစီးရီး Promotion ကိုတော့ နိုဝင်ဘာလ ၆ ရက်နေ့ လှည်းတန်းစင်တာ တွင် နေ့လည် ၂ နာရီမှ စ၍ ကျင်းပပြုလုပ်သွား မယ်လို့ သိရပါတယ်။

Photo : Myanmar Girls ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ