Movie & Music: Ocean's 8 ကို ၂၀၁၈ တွင် ရုံတင်မည်ဟုကြေညာ

ရိုက်ကူးရေးကိုတော့ ယခုလအတွင်း နယူးယော့ခ်မှာ စတင်မှာပါ။

play

 

တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ Ocean's Eleven ကို အမျိုးသမီးသရုပ်ဆောင်တွေနဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးမှာပါ။ သရုပ်ဆောင်တွေအနေနဲ့ ဆန်ဒရာဘူးလော့၊ ဟန်းဟက်သာဝေး၊ ကိတ်ဘလန့်ချက်၊ ဆာရာပေါလ်ဆန်၊ မင်ဒီကာလင်း၊ ရီးဟားနားနဲ့ ဟယ်လန်နာဘွန်ဟမ်ကာတာတို့က ပါဝင်ကြမှာဖြစ်ပါတယ်။

play

 

ဒါရိုက်တာကတော့ Ocean's Eleven ဒါရိုက်တာပဲ ဆက်လက်ရိုက်ကူးမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လ ၈ ရက်မှာ ရုံတင်ပြသမယ်လို့ Warner Bros က ကြေညာလိုက်ပါတယ်။ ရိုက်ကူးရေးကိုတော့ ယခုလအတွင်း နယူးယော့ခ်မှာ စတင်မှာပါ။

play

 

Ocean's 8 မှာ အော်စကာဆုရှင်တွေနဲ့ နာမည်ကျော်တွေ ပါဝင်ထားကြတာမို့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိမှာတော့ သေချာပါတယ်။

Source : Hollywood Reporter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ