အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ လထဲမှာ ကျင်းပပြုလုပ် ဖို့ စီစဉ်ထား ကြောင်းသိရပါတယ်။ "ဂါ" စီးရီးခွေရဲ့ ပရိုမိုးရှင်းကိစ္စများ အားလုံးပြီးသွားပါက သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုတွေ စလုပ်တော့မယ်လို့ သိရပါတယ်။
တတိယအကြိမ်မြောက် ပြုလုပ်မယ့် သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ အရင်ပွဲများနဲ့ မတူအောင် ပြင်ဆင်ထားပြီး ပါဖောမန့်ပိုင်းများ၊ သီချင်းမြူးဇစ်ပိုင်းတွေပါ သေချာလေး ပြင်ဆင်သွားမယ်လို့ ပေါ်ပြူလာဂျာနယ်မှာ ဖြေဆိုထားပါတယ်။
တစ်ကိုယ်တော်စီးရီး ခွေသစ်ထွက်တိုင်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဝိုင်းစုခိုင်သိန်းက မကြာသေးခင်ရက်ပိုင်းက ထွက်ရှိထားတဲ့ သူမရဲ့ "ဂါ" အခွေကလည်း ပရိသတ်များကြားထဲ အောင်မြင်မှု ရရှိနေပြီ ဖြစ်ပါတယ်။
Source : Popular News
Photo : ဝိုင်းစုခိုင်သိန်းဖေ့စ်ဘွတ်