Movie & Music: ခရစ္စပရတ်နဲ့ဂျနီဖာလောရင့်စ်တို့ရဲ့ သိပ္ပံဇာတ်ကား Passenger

ဆိုးရွားတဲ့အခြေအနေကို ကျော်ဖြတ်ဖို့ ကြိုးစားကြတာတွေနဲ့ ပြေးလွှားရတဲ့အခန်းတွေ ပြသထားပါတယ်။

play

 

သိပ္ပံဆန်းကြယ်နဲ့ သည်းထိတ်ရင်ဖိုအခန်းတွေပါဝင်တဲ့ Passenger ဇာတ်ကား နမူနာဗီဒီယိုကို Sony Picture က ဖြန့်ချိလိုက်ပါတယ်။ အဓိကသရုပ်ဆောင်နှစ်ဦးလုံးက သိပ္ပံနဲ့အက်ရှင်တွေမှာ ပါဝင်နေကြဆိုတော့ ဒီဇာတ်ရုပ်တွေနဲ့လည်း လိုက်ဖက်မယ့်ပုံပါ။

play

 

ခရစ္စက ဂျင်မ်အဖြစ် သရုပ်ဆောင်ထားပြီး လောရင့်စ်ကတော့ အော်ရိုရာအမည်နဲ့ ပါဝင်ထားပါတယ်။ အာကာသယာဉ်တစ်ခုမှာ ရောက်ရှိနေထိုင်ကြတဲ့ သူတို့နှစ်ဦးရဲ့ လူနေမှုပုံစံတွေက စက်ရုပ်တွေနဲ့ လည်ပတ်နေတာ တွေ့ရပါတယ်။

play

 

ယာဉ်ပေါ်မှာ လူတွေအများကြီး အိပ်ပျော်နေကြရာကနေ သူတို့နှစ်ဦးတည်း အရင်နိုးထလာပြီး ဆိုးရွားတဲ့အခြေအနေကို ကျော်ဖြတ်ဖို့ ကြိုးစားကြတာတွေနဲ့ ပြေးလွှားရတဲ့အခန်းတွေ ပြသထားပါတယ်။

play

 

နှစ်ပေါင်း ၁၂၀ အိပ်ပျော်အောင်စီရင်ထားခြင်းခံရသူတွေထဲမှာ နှစ် ၉၀ စောပြီး နိုးလာကြတဲ့ သူတို့နှစ်ဦးကို Passenger တွေအဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ လာမယ့် ခရစ္စမတ်မှာ စတင်ပြသမယ်လို့ သိရပါတယ်။

Source : YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ